ပြည်ပအရောင်းအလုပ်
အလုပ်အကြောင်းအရာ:
•ကရိန်းနှင့် စက်ယန္တရားကြီးများ ရောင်းဝယ်ရေး (ကားအသစ်နှင့် used ကားများ ရောင်း/ဝယ်/ငှား) ။
•maintenance အပိုင်း အတွက် ကူညီထောက်ပံ့ရေးအလုပ် (စက်ပိုင်းဆိုင်ရာ ဗဟုသုတများရရှိစေရန် ထရိန်နင်ပေးခြင်း)။
•ပြည်ပကုမ္ပဏီများသို ချဉ်းကပ်ခြင်း။
•ဂျပန်နိုင်ငံတွင် ကျင်းပသော ဆောက်လုပ်ရေး စက်ယန္တရားလေလံပွဲများမှတစ်ဆင့် ပြည်ပကုမ္ပဏီများနှင့် ကွန်ရက်ချဲ့ထွင်ခြင်း။
•ဖုန်း၊ မေးလ်ကို အဓိကထားပြီး customer များနှင့် ခိုင်မာသော ဆက်ဆံရေးတည်ဆောက်ခြင်း။
•တစ်နှစ်လျှင် အလုပ်ခရီး 2~3 ကြိမ်သွားရခြင်း။ (အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ)
အလုပ်နေရာ:
Koga City, Fukuoka
ခန့်ထားလိုသည့် ပရိုဖိုင်:
・ကုန်သွယ်မှုအတွေ့အကြုံရှိသူကြိုဆို
・ပူးပေါင်းဆောင်ရွက်မှုရှိပြီး teamwork ဖြင့် အလုပ်လုပ်နိုင်သူ
・ရည်မှန်းချက်ကြီးပြီး သင်ယူလိုစိတ်ရှိသူ
・စက်မှုအင်ဂျင်နီယာကို စိတ်ဝင်စားသူ (ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရား စသည်တိုကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိသူ ဦးစားပေး)
・စိန်ခေါ်မှုအသစ်များကို တက်ကြွစွာ ဆောင်ရွက်နိုင်သူ
လျှောက်ထားရန် လိုအပ်ချက်:
•ယာဉ်မောင်းလိုင်စင်
•ဂျပန်စာ၊ အင်္ဂလိပ်စာ business level
•ဂျပန်ပြည်တွင်းနေထိုင်သူ
•ရောင်းဝယ်ရေးပိုင်း အတွေ့အကြုံ
လစာ:
・ခန့်မှန်း နှစ်စဉ်လစာ – ယန်း 380 သောင်း~550 သောင်း(အတွေ့အကြုံ စသည်တိုကို အခြေခံ)
・အစမ်းခန့်ကာလ – 6လ (လုပ်ငန်းခွင်အခြေအနေပြောင်းလဲမှုမရှိ)
・အခြေခံလစာ – 260,000 ယန်း ~360,000 ယန်း
・Bonus – တစ်နှစ် 2ကြိမ်(5လပိုင်း၊ 12လပိုင်း)
・လစာတိုး – တစ်နှစ် 1ကြိမ်(ယခင်နှစ်ရလဒ်များ – 3,000ယန်း~10,000ယန်း)
・ထောက်ပံ့ကြေး – ရာထူးစရိတ်၊ လုပ်ငန်းထောက်ပံ့ကြေး၊ အရောင်းစရိတ်၊ အရည်အချင်း ထောက်ပံ့ကြေး၊ညှိနှိင်းထောက်ပံ့ကြေးများရှိ
※အတွေ့အကြုံ၊ အသက်၊ အရည်အချင်းနှင့် ယခင်လစာပေါ်မူတည်၍
・ပညာရေးစနစ် – အရည်အချင်းကို ရယူခြင်း အထောက်အပံ့
・အခြားအကျိုးခံစားခွင့်များ – ကိုယ်ပိုင်ကားဖြင့် အလုပ်တက်နိုင်ခြင်း (လောင်စာဆီကုန်ကျစရိတ်ကို ကုမ္ပဏီမှပေးဆောင်သည်။)
・ခန့်ထားမည့်ပုံစံ – အမြဲတမ်းဝန်ထမ်း (အလုပ်အကိုင်ကာလ- အကန့်အသတ်မရှိ)
တစ်နှစ်ပိတ်ရက်:127ရက်
စနေ၊တနင်္ဂနွေနှင့် အစိုးရပိတ်ရက်၊ Obun ပိတ်ရက် 4~5ရက်(စနေ၊တနင်္ဂနွေမပါ)၊ နှစ်ကုန်နှစ်ကူးပိတ်ရက် 4~5ရက်(စနေ၊တနင်္ဂနွေမပါ)
